Friday, December 5, 2014

chit ya thu

ချစ်စကားလေး ရင်မှာ တည့်နှစ်ဦးသားရင်မှ ၊ ချစ်စိတ်ဝင်လို့ဒီရင်ဘက်ထဲက ချစ်စမ်းချောင်းလေးကမင်းလေး ရင်ထဲ စီးဆင်းလို့ ဝင်...။"ဘ၀" ဆိုတာ ကိုယ်တိုင်ရေးတဲ့ ပန်းချီကားတစ်ချပ် မို့ ..။ရှေ့ ဆက်လျှောက်လှမ်း  ခရီးကြမ်းကိုပန်းချီ ဆေးသား လှလှလေးတွေတူတူရေးစပ်ကြမယ်လေး...။မိုးကလေးက ဆွေ ၊ တိမ်ကလေးက ညိုသံဇဉ်လေးကချို ၊ ကော်ဖီးလေးက ခါးမလိုင်ဖတ်လေး မျောနေတယ် "ချစ်ရသူ"အဆင် သင့် လိုက်တာနော်..။ဥသြက တွန့်  ၊ "ခါ" ကလေးကသာ မြိုင် ကလေးကစိမ်း ၊ စမ်းကလေးက သာတောင်တန်း လေးနဲ မိုးထားတဲ့ အိမ်ကလေး...အေးချမ်းလိုက်တာနော်...။သူလေးအနားကပ် ၊ ပုခုံးဖက်၏ဒီထက်အနားတိုး ၊ ပါး ပြင်အိလေးအပေါ်ငါ၏ နုတ်ခန်း စိုက်ကာနစ်ဝင်သွားဖို့ပြင်..။ဘုန်း အားးးး ငါ အိမ်မတ် မတ်နေပါလား...


thet

Chit thu

ငါ့ချစ်ခြင်းကိုမင်းငြင်းပယ်ပြီးနောက်မှာဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ ငိုကြွေးနေတဲ့ ငါ့နှလုံးသားကိုဆွေးသီချင်းတစ်ပုဒ်နဲ့ ချော့ရအုံးမည်....။ခြောက်ကပ်ကပ်လည်ချောင်းထဲကနေဆို့ နင့်နင့်သံစဉ်တစ်ချို့ ရုန်းကန်ရင်းထွက်လာဖို့ အတွက်ကြိတ်မှိတ်ပြီးဆိုရအုံးမည်....။ည နဲ့ နေ့ ပြောင်းအိပ်မက်တွေဟောင်းသွားလဲမေ့ပစ်လို့ မရနိုင်တဲ့ရူးလောက်စေတဲ့မင်းရဲ့ အပြုံးငါမြင်ရောင်နေတုံးပဲ.....။“နင့်ကိုလုံးဝမချစ်နိုင်တော့ဘူး”တဲ့အခက်ထန်ဆုံး မင်းရဲ့ စကားငါ့နားထဲပေါက်ကွဲသွားခဲ့မင်းပြောရက်တယ်နော်.....ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ နှလုံးသားကိုချော့သိပ်လည်ချောင်းကအသံသိပ်လို့ မျက်နှာ၏လုံးအစုံကို မှိတ်လိုက်တဲ့ခဏတာမှာငါ့ရင်ထဲမှာနေတစ်စင်းအရည်ပျော်သွားတယ်


thet

Monday, November 10, 2014

ချစ်သူညီမလေး

ချစ်သူရယ် မင်းနဲသာတွေရမယ်ဆိုရင် မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ ဆူးကြမ်းတဲ့ ခရောင်းလမ်းကိုနင်းချေပြီး ဓားတောင်ကိုလည်းကျော်ရဲတယ် အဲဒါအချစ်ရဲ့စွမ်းအားတွေလား??????? ချစ်သူရယ် ချစ်ချင်မေတာဆိုတာ နှလုံးသားတစ်နေရာက ပေါက်ဖွားလာတာပါ။ "ရွှေအကြောင်းဖယောင်သက်သေ"တဲ့ မင်းအပေါ်ချစ်တဲ့ကိုယ်ရဲ့အချစ်တွေကို ဘယ်အရာနဲ့သက်သေပြပမလဲ???? ချစ်သူရယ် မင်းသာဖတ်မယ်ဆိုရင်ပေါ့ ကိုယ့်နှလုံးသားကိုစာစီ ကိုယ့်အလွမ်းတွေကို ကာရံသီပြီး မင်းဆီကိုကိုယ်အရောက်ပို့ပေးချင်တယ် ချစ်သူရယ် ခရေကြွေကျ မြေမှာခလို့သွားခဲ့ရင်တောင် ဖွဖွလေးကောက်လို့ မင်းရနံ့ပျောက်တဲ့ထိတိုင်အောင် ကိုယ်ဆက်ပြီယုယနေဦးမှာပါ


Posted via Blogaway

အလွမ်းကဗျာများ

        “လွမ်း”
    လွမ်းလို့သာနေ
    လွမ်းစာခွေ၍
    လွမ်းပြေစေကြောင်း
   လွမ်းသူပေါင်းတွက်
   ရေးလိုက်တယ်..။

     “မာယာရှင်ရဲ့လှည့်ကွက်”

  ချစ်ပြီး မုန်းသွား
မာယာများနဲ့
လှည့်စားခံရ
ကိုယ့်ဘဝမှာ
သောကများစွာ
ကြွေနေပြီ...။

                       “     ပန်းနှင့် ဝေးရသော လိပ်ပြာငယ်”

                      ပန်းနှင့်လိပ်ပြာ၊
                     ကြည်ဖြူပါလည်း
                        ကြမ္မာဆိုးသင့်
                        မုန်တိုင်းပင့်၍
                      ပန်းနှင့် လိပ်ပြာ
                     ဝေးရပြီ..။

ှ
             


Posted via Blogaway

Monday, July 21, 2014

ချစ်​သူ

ကောင်မလေးရယ် Sing In နဲ နင်ကိုချစ်တယ်ပြောပြီနင့်စီကအဖြေစောင့်ရတာကမြန်မာပြည်  Connection စောင့်ရသလိုဘဲနော်နင့်စီကအဖြေကို ရင်ခုန့်စွာနဲစောင့်နေတယ်မြန်မာပြည် connection ကလဲရင်ခုန့်လောက်အောင်စောင့်နေရတယ်နင်စီကအဖြေရသလို Connection လဲတတ်တယ်ထားနင်တစ်ချာတစ်ယောက်နဲပါသွားမှာကြောက်လိုမျိုး EPC ကလွတ်တဲ့မီးပျက်မှာလဲကြောက်ရတယ်ဟနင့်ငါကိုမုန်းတယ်တောင်ပြောသရမလိုဘဲတစ်ခြားတစ်ယောက်နောက်ပါသွားသလိုSing Out တောင်မထွက်လိုက်ရဘဲ Computer Shutdown  ချာလိုက်ရသလိုမျိုးဘဲစိတ်ထဲမှာဘယ်လိုခံစားရမလဲဟလိုင်းချေးမှန်မှန်ပေးပြီ မိတာမှန်မှန်ဆောင်တာတောင် ဒီလိုမျိုးဒီလောက်စုတ်တဲ့ Connection နဲ EPC မီး လိုမျိုးနင်ကလဲငါကို ငါ့ချစ်သလောက်နင်ငါ့မပေါ်တန်းဖိုးမထားဘူးနော်လိုင်းချေးလဲတောင်သလောက်ပေးတယ်ဈေးမစစ်ဖူးမီးတာလဲတောင်သလောက်ပေးတယ်ဈေးမစစ်ဖူးတာတောင်လိုင်းနဲမီးနဲမှန်မှန်အမကောင်းမှန်မှန်မလားဘူးငါ့လဲနင့်ကိုသွားချင်းရသွားလားချင်းရလားဆိုပြီလိုက်ရောခဲ့တယ်နော်နင်ကဒါတောင်ငါ့အပေါ်လုပ်ရက်တယ်ဟConnection နဲ့ EPC  လိုလိုင်းမှန်မှန်မကောင်းသလို မှန်မှန်အလွတ်လိုဘာမှာမတတ်နိုင်သလိုနင်ပစ်သွားတောလဲငါလဲခံစားနေရတာပေါ့ဟ

ချစ်​သူ

အချစ်ဆိုတာ ချစ်တတ်မှအချစ်ပါချစ်ဆိုတာက ပေးဆက်မူနဲရယူချင်နော်ပြီ့ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန့်နှာလည့်ရမယ်လေကိုကချစ်ရင်ကိုမေတ္တာတွေပေးအပ်မယ်နောက်ပြီခံစားစရာရှိရင်လဲကိုဘဲခံစရမယ်သူနောက်တစ်ယောက်တွဲသွားလိုကိုခံစားရရင်ကိုယ်ကိုဂုဏ်ယူလိုက်ပါ ကိုတစ်ကယ်ချစ်လိုခံစားရတယ်လိုသူနှစ်ခါပြုံးရင်ကိုတစ်ခါတောပြုံးမိတယ်လေသူပျော်နေရင်ကိုလဲပျော်တယ်သူကောင်းသည်ဖြစ်စေသူမကောင်းသည်ဖြစ်စေကိုကသူကိုနှားပေးနိုင်ရမယ်လေကိုကသူကိုချစ်မိရင်သူငယ်ချင်းအပေါင်းအသင့်မပြောနဲဆွေမျိုးရင်ချတောင်ပြစ်နှိုင်ရတယ်လေသူကိုချစ်မိတောသူအပြစ်ကိုလက်ထောက်ပြတောင်ကိုမမြင်ရပါဘူးသူတစ်ချတစ်ယောက်နဲတွဲတယ်ဖြစ်ဖြစ်သူကိုယ်ကိုထားခဲ့တယ်ဆိုရင်တောင်သူကိုချစ်တယ်စိတ်ကြောင့်ခံစားမနေရပါစေနဲကိုယ်ခံစားရရင်သူဘယ်ရောက်ရောက်သူပျော်ရွှင့်မှာမဟုတ်ပါဘူးသူကိုချစ်မိရင်အရာရာကိုမျက်စီမိတ်ပြီချစ်နိုင်တာကအချစ်ပါ

ချစ်​သူ

ညို …ဟိုး ….. ​တောင်​ထိတ်​မှာမိုးရိပ်​ညိုညိုမှိုင်းပြီဆိုလျှင်​ပိုလို့တမ်းတသတိယလျှက်​​ဖြေ​ပြေခက်​လို့မျက်​ဝန်းထဲမှာ မိုး​တွေရွာပြီ… ညှို ….

ချစ်​သူ

စွန်တစ်ကောင်လို လွင့်မျောနေတဲ့ငါရဲ့စိတ်ကို မင်းရဲ့အချစ် ....ကြိုးစလေးနဲ့ ချည်နှောင်လိုက်မယ်ဆိုရင်မင်းရဲ့အချစ်ကို ငါမခံစားတတ်ဘူး...ကျောက်ဆစ်ရုပ်တစ်ခုလို တည်ငြိမ်နေတဲ့ငါရဲ့စိတ်တွေကို ထိန်းချုပ်ချင်နေတဲ့ ...မင်းရဲ့အချစ်အတွက် ခံစားချက်မရှိတော့ဘူး ...ငါနားလည်ထားတဲ့ အချစ်ဆိုတာထိန်းချုပ်ထားတဲ့ အချစ်မဟုတ်ဘူးနူညံ့မှုပေးတဲ့ အချစ်ဆိုတာကိုငါသိလိုက်တယ် .....နူညံ့မှုတဲ့ အချစ်က သီချင်းတစ်ပုဒ်ကိုခံစားရသလိုမျိုးလို့ ထင်တယ်......အချစ်ဆိုတာ နားလည်ရင် ပျော်ရွှင်စရာ...အချစ်ဆိုတာ နားမလည်ရင် ကြောက်စရာ...အရာရာကို အချစ်နဲ့နှိုင်းရင် ရှုံးတတ်တယ်...အချစ်ရှိရင် အရာအားလုံးဟာ ပြည့်စုံနေတယ်လို့ထင်တယ

ညီမ​လေး

နင်မမြင်နိုင်ပေမယ့်နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်နင့်ကိုပြောမပြနိုင်တဲ့ငါမက်တဲ့အိပ်မက်တိုင်းမှာနင်အမြဲပါတယ်နင်မကြားနိုင်တဲ့ငါဆိုတဲ့သီချင်းတိုင်းနင့်ကိုရည်ရွယ်တယ်နင်မဖတ်ချင်တဲ့ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်နင်မဖတ်တတ်တဲ့ငါ့မျက်နှာပေါ်ကအပြုံးတွေနင့်ကြောင့်သေဆုံးကုန်တယ

ညီမ​လေး

အချစ် နှင့် ခွဲခွာခြင်း ...ကဗျာလေတဟူးဟူးထဲကိုင်းပင်တွေ နှုတ်ဆက်တေးဆိုကညာပျိုလို နွဲ့ကာယိမ်းကာနဲ့အညတရ စမ်းချောင်းလေး နံဘေးသူ့ရဲ့မျက်ရည် ကို သုတ်ငါ့ရင်မှာ ပ၀ါအစုတ်စီးပေးလိုက်တယ်အနမ်းတပွင့် နဲ့ ကမ်းလင့်မယ်ဆိုတဲ့ချစ်သူဘယ်အရာ ကို ဘာကပြန်စားသေခြာမှု အခန်းဗလာမှာစိတ်လှုတ်လှုတ်လေး ပြုတ်မကျမီဒုံးဆိုင်းရူံးထွက်ခဲ့လေပြီငါလေ.........................ပြေးရင်းနဲ့ ငို၊ ငိုရင်းနဲ့ ပြေးခဲ့ပေမဲ့ဟိုးအဝေးဆီမှာငါ့ကိုချစ်သော ငါ့ချစ်သူသောင်ပြင်မှာ လူးနေခဲ့ပေါ့....................။ ။

ချစ်သူ

ချစ်သူ

ချစ်သူ

Sunday, July 20, 2014

ချစ်​သူ

ညီမ​လေးကိုသတိရတယ်​ဘယ်​လိုလုပ်​ရမလဲတစ်​ကယ်​ချစ်​တဲ့သူတိုင်း​ဝေးကြရတယ်​ဆိုတာတစ်​ကယ်​ဘဲလား

Monday, July 7, 2014

ညီမလေး

ဒီနေ့တော့ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရနေ့လေးပါပဲချစ်သူရယ်အကို့ကိုတော့မျှော်လင့်ချက်တွေမပေးပါနဲ့နော်အကိုရူးသွားလိုက်မယ်ညီမလေးကိုချစ်တယ်ဘယ်တော့မှမခွဲဘူးနော်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းကြမယ်နော်

Thursday, July 3, 2014

ချစ်သူ

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာတဲ့အခါ
ဘယ်သူဘဲဖြစ်ဖြစ် ..ဘယ်အရွယ်ဘဲဖြစ်ဖြစ်..
ဘယ်နေရာဘဲဖြစ်ဖြစ်..ဘယ်လောက်ပဲပြည့်စုံပြည့်စုံ
ဘယ်လောက်ပဲ ရင့်ကျက်ရင့်ကျက်
ဘယ်လောက်ပဲ ပညာတတ်တတ်
အားလုံးဟာ..အရူးအမူး..
ချစ်တာ..မုန်းတာ..ကွဲတာ ပြဲတာ
နိုင်တာ..ရှုံးတာတွေ မခံနိုင်ကြဘူး
အချစ်ဆိုတာ..အဆိပ်လို.သွပ်ရူး
ဒါးသွားပေါ်က ပျားရည်စက်..
လျှာတွေ ဟက်တက် ကွဲဘူး။

သွေးပျက်ရင် ပျက်..ဒေါသထွက်ရင်ထွက်
အမျက်မပြေချက်..ကလဲ့စားလဲ ချေချင်ရဲ့
ခွင့်လွတ် မျက်ရည်သက်..
အမှောင်ထဲ တယောက်ထဲမှေးစက်
ခေါင်းအုံးတွေ မျက်ရည်ထဲ မျောလျှက်..
အလွမ်းဆူ..အသည်းပူ..လူမသိချင်ရက်။

တချို့ က တယောက်ထဲ အိပ်ရာပေါ်ကွေး
တချို့ က သူငယ်ချင်းခေါ် အရက်ဆိုင်ပြေး
တချို့ က ရင်ဝေဒနာ ထုတ်ဖေါ်ပြော.
တချို့ က အုံ့ ပုန်း ဆူနေသော
တချို့ က ကဗျာရေး သီချင်းစပ်
တချို့ က ဟိုယောင် ဒီယောင် မိုးတိုးမတ်တတ်
ဘာဘဲဖြစ်ဖြစ်..လူအားလုံး အချစ်ပြတ်တဲ့ အချိန်..
နည်းနည်းတော့ အသက်ရှုတွေကျပ်..

တချို့ ကခံစားချက်တွေ ပေါက်ကွဲ..
တချို့ က တယောက်ထဲ ငိုနေဆဲ..
တချို့ က မာနနဲ့ အရှုံးမပေး..ဘ၀ပိုထောင်မတ်ရေး
တချို့ က ဘ၀အရည်ပျော်..မထူးတဲ့ ဇာတ်လမ်းရေး
တချို့ က အသစ်ချက်ခြင်းလိုက်ရှာ
တချို့ က ကြောက်ရွံ့ စွာ..တံခါးတွေ ပိတ်ရှာ
တချို့ က ခိုင်မာစွာပြတ်သားနိုင်ခဲ့..
တချို့ က ယိုင်နာနာ..မပြတ်သားနိုင်ခဲ့

ဘာဘဲဖြစ်ဖြစ်..ဘယ်သူမဆို
ဘ၀တကွေ့  အချစ်နဲ့ ဆုံတွေ့ တဲ့အခါ..
မျက်လှည့်ပြသလို..မြူးမြူး
ဘိန်းမူး သလို မူး
ငိုလိုက် ..ရီလိုက်..
ပျော်လိုက်..ချော်လိုက်
ဝင်္ကဘာ..ချာချာလည်မူးခိုက်..
ပျော်ရွင် နိဂုံး လား..ဖြေမဆည် နိဂုံးလား
သေချာမသိ…အမှန်မသိ.
အချစ်ရေစီးထဲ ချာချာလည် မြောလေ့ရှိ၏။

ချစ်သူနှင့်အမှတ်တရ

လွင့်မျောခြင်း.အိမ်မက်

အိမ်မက်ဆိုတာ..
တကယ်မဟုတ်
စိတ်အာရုံရဲ့ လိုအင်..
တကယ်အမှန်လာဖြစ်..
မှန်အတွင်းထဲက ပုံရိပ်များ..
အစစ်အမှန်များ မဟုတ်ကြပါ။

ကြွေလွင့်တဲ့ ရွက်ခြောက်များလို..
လေမှာဝေ့၀ဲ
နေရာတကာလည်း ရောက်ဖူးတယ်။
ချောင်းရေမှာ ပေါ်နေတဲ့
ယော်ရွက် ကလေးလို
ရေစီးထဲ..
ချာလည်လည် ရွက်တိုက်မြောဘူးတယ်။

တကယ်တော့
အိမ်မက်ဟာ…အိမ်မက်
နိုးတဲ့ အခါမှာ..အိပ်ရေးပျက်..
နေရောင်မှာ ပျောက်ကွယ်တဲ့ နှင်း..
တစချင်း..တစချင်း..
လွင့်ပျောက် ဖယ်ခွင်း

အိမ်မက်ဆိုတာ..
နိုးလာရင်..နွမ်းလျှရင်တွင်း…
စိတ်ကူးများနှင့် ရွက်တိုက်လှော်ခြင်း

ချစ်သူနှင့်အမှတ်တရ

ချစ်သူ ..မဖတ်ရ။

လူဆိုတာ..
ရှက်တာကို လက်ကာဝှက်
ဟန်ဆောင် တတ်ကြတာမျိုး။

ပွင့်လင်းစွာ..ရှိတာကို
ဖွင့် ရှင်း တဲ့ အခါ..
စိတ်သက်သာခြင်းရှိတာမျိုး။

ငိုချင်တဲ့ အခါ
လက်တို့ အသိပေး။
ပျော်ရွှင်တဲ့ အခါမြူးတူး
အမူအယာ ဟန်မဆောင်တတ်ဖူး။

ခံစားနာကျင် ကြေကွဲ
အချစ်နဲ့ ရင်ဆိုင်ရတဲ့ စစ်ပွဲမှာ
နိုင်သည်..ရှုံးသည်ဖြစ်ဖြစ်
အပျော်လွန်တဲ့ အခါ နိဗ္ဗါန်..
အလွမ်း နွံနစ်တဲ့အခါ ငရဲသဏ္ဍာန်..

ရှုံးနိုမ့် တဲ့ လူ
ရင် အဆူကို
ရင်နှင့်အမျှ ခံစားရ
ကန်လန့် ကာဖွင့်ချထားတဲ့..အခါ..
ချစ်သူ မြင်ရ.
မင်း စိတ်နှစ်ခွ မဖြစ်စေရဘူး
အချစ်စိတ် မပါ ကင်းမဲ့
သနားတဲ့ ဂရုဏာ မျက်ဝန်းတခုထည်းနဲ့ 
မင်း လှည်ကြည့်မှာ မခံနိုင်ဘူး။

အဝေးသို့ သွားစေ..
အသစ် ရဲ့ ရင်ခွင် မှာ ခွေ
ပျော်သလို သာ မင်းနေ
ဒီက..လွမ်းကဗျာတွေ…
မင်းလာမဖတ်စေချင်.. ချစ်သူရေ။

Friday, June 27, 2014

ညီမလေး

ဖုန်းမပြောရတဲ့ညတွေဆိုအိပ်မပျောဘူး
ညီမလေးကတော့ဘယ်လိုနေလဲမသိဘူးနော်အကိုကတော့နေ့တိုင်းပဲလွမ်းနေတယ်ညီမလေးဖြစ်ချင်တာတွေကိုအကုန်လုပ်ပေးချင်တယ်ညီမလေးစိတ်ညစ်မှာကိုမလိုလားဘူးညီမလေးကိုချစ်တယ်

Wednesday, June 25, 2014

ချစ်ရသူညီမလေး

ညီမလေးကိုချစ်တယ်လွမ်းတယ်မခွဲနိုင်ဘူး

Sunday, June 22, 2014

အပျော်ဆုံးနေ့လေးပါ

21 6 2014 ရက်နေ့မှာညီမလေးနဲ့တွေ့ဖြစ်တယ်ကျွန်တော်အရမ်းပျော်တာပဲဘာလို့လဲဆိုတော့ညီမလေးကကျွန်တော်မျှော်လင့်နေတဲ့ကြင်နာယုယမှုတွေပေးတယ်လေဒီနေ့လေးကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူးညီမလေးရယ်အကိုညီမလေးကိုအရမ်းချစ်တယ်

Wednesday, May 21, 2014

ညီမလေး

ချစ်ရသူညီမလေး
တစ်ခါတစ်လေအကိုအားငယ်မိတယ်
ညီမလေးအကို့ကိုချစ်နိုင်ရဲ့လားလို့
စဉ်းစားမိတိုင်းဝမ်းနဲမိတယ်
တစ်ကယ်ချစ်မိတဲ့သူကတစ်ကယ်ခံစားရတာ
အမှန်ပဲလားမသိဘူးနော်ကျွန်တော်ကတော့
အမြဲတမ်းခံစားနေရတာပါပဲတစ်နေ့နေ့တော့
ညီမလေးပြန်းချစ်နိုင်ပါစေလိုဆုတောင်းပါတယ်
Thet naung

ချစ်သူနဲ့အမှတ်တရ

ကျွန်တော်မြတ်မြတ်နိုးနိုးနဲ့ချစ်ရတဲ့ညီမလေးတစ်ယောက်ရှိတယ်သူကချစ်ဖို့အရမ်းကောင်းတယ်ကျွန်တော်သူကိုဘယ်တော့မှမေ့မှာမဟုတ်တော့ဘူးဒီနေ့လေးကိုပိုသတိရနေတယ်ကျွန်တော်ဘဝမှာတစ်ခါမှမခံစားဘူးတဲ့ခံစားမှုမျိုးကိုရလိုက်ပါတယ်ကျွန်တော်ညီမလေးကိုကျေးဇူးတင်ပါတယ်အကို့ကိုထာဝရချစ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်
ညီမလေးကိုအရမ်းချစ်တယ်
Thet Naung.

21.5.2014

Sunday, May 18, 2014

photo

ကဗျာလေးများကိုကြိုက်ရင်ကျေးဇူးတင်ပါတယ်

အလွမ်းစာသား

ညီမလေးအကို့ကိုတစ်ကယ်ပဲမုန်းသွားပြီလားအကိုကမုန်းလို့မရဘူးအကိုဘာလုပ်ရမလဲညီမလေးရယ်
အခုဆိုညညညီမလေးဆီကပြန်ပို့လာမဲ့မက်ဆေ့ကိုမျှော်နေရလို့အိပ်ပျက်ပေါင်းလဲများနေပါပြီကွာအကိုကိုဘယ်ထိ
ရက်ဆက်ဦးမှာလဲအကိုမခံစားနိင်တော့ဘူးညီမလေးရယ်
ကို့ဘဝမှာညီမလေးကိုပဲမြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာပါကွာ
ကိုဘဝမှာနောက်တစ်ယောက်ဆိုတာမရှိတော့ဘူးညီမလေး

ကျွန်းတော်ဒီblogကိုအဆန်းအနေနဲ့ထောင်ထားတာပါ
အခုမှအစပေါ့နောက်မှာသူငယ်ချင်းတို့ဘဟုသုတရစေမဲ့အရာများကိုတင်ပေးပါ့မယ်နော်
အခုစာသားလေးကတော့ကျွန်တော်တစ်ကယ်ခံစားရလို့ရေးထားတာပါ

Wednesday, May 14, 2014

အချစ်ကဗျာ

ညတိုင်းအိပ်မပျော်နိုင်
ဘေးနားမှာနင်မရှိပေမယ့်...
အချိန်တွေကပုံမှန်ပြောင်း...
ရာသီတွေကဟောင်းမသွားဘူး
နင့်ရင်မှာငါမရှိပေမယ့်
နာရီတွေကပုံမှန်ဟောင်း
လွမ်းနိုင်ခွင့်ကပြောင်းမသွားဘူး
အဲဒါတွေကိုပဲ
အချိန်ပြည့်စဉ်းစားနေ
ငါလေညတိုင်းအိပ်မပျော်ဘူး...



ချစ်သူနှင့်အမှတ်တရ

အချစ်ကိုယုံကြည်နေရင်မှားသွားလိုက်မယ်friတို့ရေအချစ်ဆိုတာငွေရှိမှဖြစ်မယ်

Monday, May 12, 2014

photo

အမှတ်တရ

အချစ်ကဗျာ

I love you

အချစ်တဲ့လား

ငါ့မှာငွေရှိမှငါ့မှာရွှေရှိမှအဲဒါကိုအချစ်လို့ခေါ်တာလားတစ်ကယ်အချစ်စစ်တယ်ဆိုရင်ဒါတွေမလိုပါဘူးအခုတော့ဒီလိုမဟုတ်တော့ဘူး